More About KhanAcademy &

Sal Khan

What is Khan Academy?

Khan Academy is a not-for-profit with the goal of changing education for the better by providing a free world-class education for anyone anywhere through educational videos.

All of the site's resources are available to anyone. It doesn't matter if you are a student, teacher, home-schooler, principal, adult returning to the classroom after 20 years, or a friendly alien just trying to get a leg up in earthly biology.

Khan Academy's materials and resources are available to you completely free of charge.

Khan Academy's library of videos covers K-12 and some college level math, science topics such as biology, chemistry, and physics, and even reaches into the humanities with playlists on finance and history.

Each video is a digestible chunk, approximately 5-10 minutes long, and especially purposed for viewing on the computer.

NOTE: All Khan Academy content is available for free at www.khanacademy.org

Why did Khan Academy decide to become a not-for-profit?

" ခန်း အကယ်ဒမီ ' ဟာ ဘာဖြစ်လို့ အကျိုးအမြတ်အတွက် အလုပ်မလုပ်ဖို့ ဆုံးဖြတ်ဖြစ်သွားလဲ ( သင် ) သိသလား ?

Although Sal has been approached about making Khan Academy for-profit, it just didn't feel right to him.

ဆယ်လ် ဟာ " ခန်း အကယ်ဒမီ " ကို အကျိုးအမြတ်ယူတဲ့ ဝန်ဆောင်မှုအဖြစ်လုပ်ကြည့်ပေမယ့်လဲ ဒီနည်းဟာ သူ့အတွက် နည်းလမ်းမှန်လို့ သူမယူဆနိုင်ခဲ့ဘူး ၊

His view is “When I'm 80, I want to feel that I helped give access to a world-class education to billions of students around the world. I already have a beautiful wife, a hilarious son, two Honda(s) and a decent house. What else does a man need?”

သူ့အမြင်က" ကျွန်တော် အသက် ၈ဝ ရောက်တဲ့အချိန်မှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ သန်းထောင်ပေါင်းများစွာသော ကျောင်းသားများကို ကမ္ဘာ့တန်းမီ-အဆင့်မြင့်ပညာကိုသင်ယူနိုင်အောင် ကူညီပေးနိုင်ခဲ့တယ် " လို့ ပီတီခံစားချင်တာပါဘဲ ။

ကျွန်တော့်မှာ ချောမောလှပ တဲ့ အိမ်ထောင်ဖက် ၊ ပျော်ပျော်နေတတ်တဲ့ သား ၁ ယောက် ၊ ဟွန်ဒါကား ၂ စီး နဲ့ အိမ်ကောင်းအိမ်သန့် ၁ လုံးရှိပြီးသား ၊ ဒီလို လူတစ်ယောက်အတွက် ဘာများထပ်လိုအပ်ပါသေးသလဲ ?

What religion ( ကိုးကွယ်တဲ့ဘာသာ) Sal believes in?

"I was born and raised in New Orleans, Louisiana (USA). My mother was born in Calcutta, India. My father was born in Barisal, Bangladesh. If you believe in trying to make the best of the finite number of years we have on this planet (while not making it any worse for anyone else), think that pride and self-righteousness are the cause of most conflict and negativity, and are humbled by the vastness and mystery of the Universe, then I'm the same religion as you."

"ကျွန်တော့ကို ( အမေရိကန် ) လူဝီစီယားနားပြည်နယ် ၊ နယူးအောလင်းမြို့မှာ မွေးပြီး အဲဒီမှာဘဲ ကြီးပြင်းခဲ့တာပါ။ ကျွန်တော့ အမေကို အိန္ဒိယနိုင်ငံ ကိုးလ်ကတား မှာ မွေးပါတယ် ၊ ကျွန်တော့ အဖေက ဘင်္ဂလားဒေ့နိုင်ငံ ဘယ်လီဆယ်မြို့ဇာတိဖွားပါ။

တကယ်လို့ ဒီကမ္ဘာမြေ ပေါ်မှာ သင်နေခဲ့တဲ့ နှစ်တွေကို အကျိုးရှိရှိရေတွက်သွားချင်တယ်ဆိုရင် (ဘယ်သူှုတစ်ဦးတစ်ယောက်ကိုမှ ဒုက္ခမပေးဘဲနဲ့ ) မာန နဲ့ ကိုယ်သိတယ် ကိုယ်တတ်တယ်ဆိုပြီး တဇွတ်ထိုးလုပ်တတ်တဲ့စိတ်ဟာ ပြသနာ နဲ့ ကိုယ့်တိုးတက်မှုကိုအနှုတ်လက္ခဏာပြစေတဲ့ အရင်းခံအကြောင်းဘဲ

စကြာဝဠာကြီး အလှမ်းကျယ်သလောက် ကိုယ့်ကိုကိုယ် နှိမ့်ချသူဖြစ်ဖို့ကြိုးစားနေသ၍ ကျွန်တော်ဟာ ခင်များတို့နဲ့ ကိုးကွယ်တဲ့ဘာသာအတူတူပါဘဲ။ ကျွန်တော်ဟာ ခင်များတို့နဲ့ တစ်လမ်းတည်းသွားတွေပါဘဲ။


KhanAcademy.org Site

How is Khan Academy's site different than other resources available? How is the Khan Academy model of learning different?

" ခန်း အကယ်ဒမီ " အင်တာနက်စာမျက်နှာဟာ တခြားဝက်ဘ်ဆိုက်တွေနဲ့ ဘယ်လိုကွာခြားပါသလဲ ? " ခန်း အကယ်ဒမီ " ရဲ့ သင်ကြားပုံ သင်ကြားနည်း စံပြစံနစ် က ဘယ်လိုကွာခြားပါသလဲ ?


OUR WEBSITE: There are some obvious distinctions. With thousands of videos, it is easily the most exhaustive collection of instruction on the Internet allowing learners to know that they can fill in almost any of their "gaps" with the content on this site. The content is made in digestible 5-20 minute chunks especially purposed for viewing on the computer as opposed to being a longer video of a conventional "physical" lecture. The conversational style of the videos is the total antithesis of what people traditionally associate with math and science instruction. The less obvious distinctions are, however, what makes the site hard to reproduce.

ကျွန်တော်တို့ရဲ့အင်တာနက်စာမျက်နှာ

ကျွန်တော်တို့ ဝက်ဘ်ဆိုက်မှာ အများမြင်သာတဲ့ ဂုဏ်ထူးတန်းသင်ကြားရေးစံနစ်တွေပါဝင်ပါတယ် ၊ စာသင်ကြားလိုစိတ်ရှိသူ / စာသင်သားလူငယ်များ သိမြင်လိုသမျှ အဓိက လိုအပ်ချက်ကွက်လပ်တွေကို လွယ်ကူစွာလမ်းညွှန်ပေးထားတဲ့ ထောင်ပေါင်းများစွာသော ဗွီဒီယိုများကို အင်တာနက်ပေါ်မှာ လက်လှမ်းမှီအောင် တင်ထားပေးပါတယ် ၊ အပြင်စာသင်ခန်းမှာ လက်တွေ့ထိုင်သင်နေရသလို ဇာတ်ကြောရှည်မျိုးမဟုတ်ဘဲ ၅ မိနစ် ကနေ မိနစ် ၂ဝ စာ လိုတိုရှင်းဗွီဒီယိုဖိုင်လေးတွေ ပါဝင်ပါတယ် ၊ သချာၤ နဲ့ သိပ္ပံညွှန်ကြားမှုသင်ခန်းစာတွေကတော့ ပိုကြာအောင် ပြည့်ပြည့်စုံစုံကြည့်ရမှာပါ ၊ ပြန်လည်ထုတ်လုပ်ဖို့ခက်ခဲတဲ့အချက်တစ်ခုကတော့ ကျွန်တော်တို့ဆိုဒ် ကို အားလျော့စေပါတယ် ။

Teaching Style

Sal describes his teaching style as follows: “I teach the way that I wish I was taught. The lectures are coming from me, an actual human being who is fascinated by the world around him. The concepts are conveyed as they are understood by me, not as they are written in a textbook developed by an educational bureaucracy. Viewers know that it is the labor of love of one somewhat quirky and determined man who has a passion for learning and teaching. I don't think any corporate or governmental effort--regardless of how much money is thrown at the problem--can reproduce this.

ဆယ် က " ကျွန်တော်သင်ယူရသကဲ့သို့ သူများကို ပြန်သင်ပေးချင်တယ် ၊ သင်ကြားပုံ / သင်ကြားနည်း လက်ချာက ပတ်ဝန်းကျင်ကမ္ဘာလောကကို အရမ်းစိတ်ဝင်စားတဲ့တကယ့်လူသားစစ်စစ် ကျွန်တော့ရင်ထဲက လာတာပါ ၊ ပညာရေးအာဏာပိုင်များရဲ့ သင်ရိုးညွှန်းတမ်းဖတ်စာအုပ်တွေထဲကလို မဟုတ်ဘဲ ကျွန်တော်နားလည်တဲ့ တွေးဆချက်တွေကို ကျွန်တော် အသွင်ပြောင်းပြန်လည်ပို့ချပါတယ် ၊ တစ်ချို့က တစ်မျိုးမြင်ချင်ရင်မြင်နိုင်သော်ငြားလည်း သင်ယူမှု - သင်ကြားမှု ကို ချစ်ခင်စုံမက်တဲ့ နှလုံးသားပိုင်ရှင်တဖြစ်လဲ စိတ်ဓါတ်ခိုင်မာသူတစ်ဦးရဲ့ အနက်ရှိုင်းဆုံး အားထုတ်မှုဆိုတာသိသွားကြပါတယ် ၊ အဖွဲ့အစည်း ( သို့မဟုတ် ) အစိုးရယန္တရားတွေတောင် ငွေပုံပြီးလုပ်နိုင်မယ်လို့ ကျွန်တော်မယူဆပါဘူး " လို့ သူ့သင်ကြားနည်းပုံစံကိုပြောပြပါတယ် ။


A lot of my own educational experience was spent frustrated with how information was conveyed in textbooks and lectures. There would be connections in the subject matter that standard curricula would ignore despite the fact that they make the content easier to understand, enjoy, and RETAIN. I felt like fascinating and INTUITIVE concepts were almost intentionally being butchered into pages and pages of sleep-inducing text and monotonic, scripted lectures. I saw otherwise intelligent peers memorizing steps and formulas for the next exam without any sense of the intuition or big picture, only to forget everything within a matter of weeks. These videos are my expression of how the concepts should have been expressed in the first place, all while not compromising rigor or comprehensiveness.”

ဖတ်စာအုပ်တွေနဲ့လက်ချာတွေကြားထဲမှာ စိတ်ရှုပ်ရင်း ကျွန်တော့်ပညာရေးအတွေ့အကြုံတွေကိုဖြတ်သန်းခဲ့ရပါတယ် ။ နားလည်အောင် ၊ ပျော်ရွှင်အောင် ၊ မှတ်ဉာဏ်ထိန်းထားနိုင်အောင် ၊ လွယ်ကူအောင်လုပ်ထားတဲ့သင်ရိုးညွှန်းတမ်းရဲ့အခြေခံအဆင့်နဲ့ ကျွမ်းကျင်တတ်မြှောက်တဲ့အဆင့်ကြားမှာ ဆက်စပ်မှုတွေရှိနေပါတယ် ၊ စိတ်အားထက်သန်မှုနဲ့ တိုးတက်အောင်လုပ်ချင်စိတ်တို့ဟာ အိပ်ပျော်နေတဲ့ဖတ်စာအုပ် ၊ အတက်အကျမရှိတဲ့အသံ နဲ့ သင်ခန်းစာအိုတွေအဖြစ်ကို သားသတ်သလို အပိုင်းပိုင်းဖြတ်ခံရတယ် လို့ခံစားမိပါတယ် ၊ နောက်လာမယ့်စာမေးပွဲအတွက် တွက်ချက်ပုံအဆင့်ဆင့် နဲ့ ဖော်မြူလာတွေကို ဘယ်လိုပဲမှတ်မိအောင်လုပ်လုပ် ပုံတွေ ၊ ကားချပ်တွေမပါဘဲနဲ့တော့ ကိုယ်ပိုင်မှတ်နိုင်စွမ်းဟာ သီတင်းပတ်အနည်းငယ်အတွင်းမှာ ပျောက်ပျက်သွားပါလိမ့်မယ် ၊ ခက်ခက်ခဲခဲ နဲ့ တနင့်တပိုးကြီးနားလည်ဖို့မလိုအောင် စောစောကတည်းက ထိ-မြင်-သိ-မှတ် လွယ်အောင် သုံးသပ်ချက်တွေပါဝင်တဲ့ ဗွီဒီယိုတွေဖြစ်ပါတယ် ။

Our Learning Model

Our model is applicable to any learner - it can be used as the core learning platform or a supplementary one. While many other models have created physical schools to enable their respective models, ours is a virtual classroom that facilitates existing physical schools to deepen the learning that happens within any classroom. It is also a model that can be extended to any learning environment with a device and an internet connection - for group or individual learning, inside or outside the classroom.

ကျွန်တော်တို့ရဲ့ စံပြသင်ယူမှုပုံစံ

ကျွန်တော်တို့ရဲ့စံပြသင်ယူမှုပုံစံ က စာသင်သားအားလုံးကိုပြေလည်စေပါမယ် ၊ အဓိကပညာရေးလမ်းကြောင်းအနေနဲ့အသုံးပြုနိုင်သလို အပိုတိုးချဲ့ဖြည့်စွက်ပညာရေးလိုလည်း သင်ယူနိုင်ပါတယ် ၊ တခြားသင်ယူမှုစံနစ်တွေက အတန်းထဲမှာ ကိုယ်တိုင်ကိုယ်ကျသင်ဖို့ကျောင်းတွေလိုအပ်ပါတယ် ၊ ကျွန်တော်တို့က ကျောင်းထက်ထိရောက်တဲ့ " ရုပ်ကြွ-ရုပ်ပြ စာသင်ခန်း " ပါ ၊ သင်ထောက်ကူပစ္စည်းများအသုံးပြုပြီး အင်တာနက်ရှိရင် အုပ်စုလိုက်ဖြစ်စေ ၊ တစ်ဦးချင်းဖြစ်စေ ၊ စာသင်ခန်းအတွင်းမှာရော အပြင်မှာရော တိုးချဲ့သလောက်အသုံးဝင်တဲ့ စံပြသင်ယူမှုပုံစံဖြစ်ပါတယ် ။